© 2025 Western New York Public Broadcasting Association

140 Lower Terrace
Buffalo, NY 14202

Toronto Address:
130 Queens Quay E.
Suite 903
Toronto, ON M5A 0P6


Mailing Address:
Horizons Plaza P.O. Box 1263
Buffalo, NY 14240-1263

Buffalo Toronto Public Media | Phone 716-845-7000
BTPM NPR Newsroom | Phone: 716-845-7040
Play Live Radio
Next Up:
0:00
0:00
0:00 0:00
Available On Air Stations

သင်ယူလေ့လာခြင်းဆိုင်ရာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း

children watching Sesame Street in a cafeteria

သင်ယူလေ့လာခြင်းဆိုင်ရာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း : ‌ကျောင်းတက်ရာတွင် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်မှု

မိဘများသည် မိမိတို့ကလေးများ၏ အရေးကြီးသော ကျောင်းတွင်အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ခြင်းအပါအဝင် ဘဝပန်းတိုင်များနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုရှိတတ်ကြပါသည်။ မိဘတို့အနေဖြင့် မိမိတို့ကလေးသည် ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်း၊ ပုံမှန်လုပ်ဆောင်ချက်များကို လိုက်နာနိုင်ခြင်း၊ တာဝန်သိစိတ်ပိုမို တိုးတက်လာခြင်း၊ စာရေးစာဖတ်ခြင်းတို့ကို ပြင်ဆင်ပြသခြင်းတို့ကဲ့သို့သော လုပ်ငန်းဆောင်တာများလုပ်ဆောင်ခြင်းအတွက် စိုးရိမ်ပူပန်မှုများနှင့် မေးခွန်းများ ရှိနေတတ်ပါသည်။

ကျောင်းတွင် အောင်မြင်သောအတွေ့အကြုံများရရှိစေရေးအတွက် ကလေးများအားလုံးကို အဆင်သင့်ဖြစ်စေရန် ကြိုးပမ်းမှုတွင် ဘတ်ဖလို တိုရမ်တို ပြည်သူ့သတင်းမီဒီယာမှ ကျောင်းအတွက် ပမာဏပြင်ဆင်ခြင်း လုပ်ဆောင်မှုတစ်ခုကို ဖန်တီးထားပါသည်။ သင်ယူလေ့လာခြင်းအတွက် တည်ဆောက်ခြင်းဆိုင်ရာ များကို အခမဲ့အလွယ်တကူရရနိုင်သော သုတေသနအခြေပြု အရည်အသွေးမြင့် ပညာရေးဆိုင်ရာ ထောက်ကူပစ္စည်းများဖြင့် ပံ့ပိုးပေးပါသည်။ PBS KIDS နှင့် Sesame Street ကဲ့သို့သော အရင်းအမြစ်များမှ ယုံကြည်စိတ်ချရသော အကြောင်းအရာများကို အသုံးပြုခြင်း၊ BTPM မှ အကျိုးသက်ရောက်မှုရှိသော လုပ်ဆောင်မှုများနှင့် အသက်အရွယ်အလိုက်သင့်လျော်သော မှတ်တိုင်များအပြင် အစောပိုင်း သင်ယူလေ့လာလိုသူများအား နည်းလမ်းအသစ်များနှင့် ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်များအတွက် ပြင်ဆင်ရာတွင်ကူညီပေးရန် နည်းလမ်းများကို ဖန်တီးပေးထားပါသည်။

PBS KIDS နှင့် Sesame Street တို့မှ အသိအမှတ်ပြုထားသော ဇာတ်ကောင်များနှင့် ဇာတ်လမ်းများမှတစ်ဆင့် ကြည့်ရှုအားပေးသူများ၏ မတူညီသော ကိုယ်စားပြုမှုများပါဝင်နိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ပါသည်။ မိဘများ၊ ပြုစုစောင့်ရှောက်မှုပေးသူများနှင့် ထိုသူတို့၏ကလေးများသည် ကွဲပြားသည့် ဇာတ်ကောင်အကြောင်းအရာများမှတဆင့် သူတို့ကိုယ်သူတို့ ပြန်လည်မြင်ယောင်နိုင်မည်ဖြစ်သည်။ ဤအကြောင်းအရာများသည် မတူညီသောယဉ်ကျေးမှုပုံစံများ၊ လုပ်ဆောင်မှုစွမ်းရည်များနှင့် ပါဝင်ပတ်သတ်မှုများကို သိရှိစေရန် အထောက်အကူပြုပါသည်။ သင်ယူမှုအစပျိုးခြင်းအတွက် ပဏာမတည်ဆောင်ခြင်းများကို ဦးစာပေးပါဝင်နိုင်စေရန် ဖန်တီးလုပ်ဆောင်ပေးထားပါသည်။

Woman standing at a projector screen with pictures of different items representing different types of self care
woman in a dark denim dress and a yellow headwrap standing in front of a TV screen that says CULTURE on it

ဤလုပ်ဆောင်ချက်များ၏ အဓိကအချက်မှာ မိဘများနှင့် ပြုစုစောင့်ရှောက်သူများအတွက် ပညာရေးလက်ဆင့်ကမ်း အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများ၏ရည်မှန်းချက်မှာ မိဘများနှင့် ပြုစုစောင့်ရှောက်မှုပေးသူများအား ကလေးများ၏လက်ဦးဆရာအဖြစ် ပါဝင်ပတ်သတ်မှုကို အသိပညာပေးရန်ဖြစ်ပါသည်။ ဤကဲ့သို့ နားလည်မှုများဖြင့် ကျောင်းတက်ရန်အဆင်သင့်ဖြစ်စေရန်ပြင်ဆင်မှုကို ပံ့ပိုးကူညီရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ သိမြင်မှုပိုင်းဆိုင်ရာနှင့် လူမှုရေးစိတ်ခံစားမှုဆိုင်ရာ ရင်းမြစ်များကို အသုံးချရန် အခွင့်အာဏာရရှိလာမည်ဖြစ်သည်။ လေ့လာသင်ယူမှုအတွက် တည်ဆောက်ခြင်းသင်ယူမှုအတွက် အလုပ်ရုံဆွေးနွေးပွဲ၄ခုတွင် ကျောင်းတက်ရန် ပြင်ဆင်ခြင်းဆိုင်ရာ လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ မှတ်တိုင်များနှင့် အကြံပြုချက်များ၊ ပညာရေးမှတ်တိုင်များနှင့် အကြံပြုချက်များ နှင့် မိသားစုစွမ်းဆောင်ရည်မြှင့်တင်ရေး စသည်တို့ပါဝင်ပါသည်။

ရွေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည် မိဘများနှင့် ပြုစုစောင့်ရှောက်သူများသည် ယဉ်ကျေးမှုကွဲပြားချက်များနှင့် ဘာသာစကားအခက်အခဲများကဲ့သို့ စိန်ခေါ်မှုများကြောင့် ကျောင်းတက်ရန်အဆင်သင့်ဖြစ်စေရန်ကြိုးပမ်းမှုများတွင် စိုးရိမ်ပူပန်မှုများထပ်လောင်း ကြုံတွေ့ရတတ်ပါသည်။ BTPM သည် Jewish Family Services နှင့် ပူးပေါင်းပြီး လေ့လာသင်ယူမှုဆိုင်ရာ တည်ဆောက်ခြင်းအတွက် ရှေ့ပြေးအစီအစဉ်ကို စတင်ခဲ့ပါသည်။ ထိုအဖွဲ့အစည်းများ၏ လေ့ကျင့်သင်ကြားပေးထားသော စည်းရုံးရေးမှုများသည် သတင်းရင်းမြစ်များကို ဘာသာပြန်ရာတွင် ကူညီပေးသည့်အပြင် ဒါရီ၊ မြန်မာ၊ အာရဗီ နှင့် ဆွာဟီလီ ဘာသာစကားဖြင့် အရေးကြီးသောအလုပ်ရုံဆွေးနွေးပွဲများကို ကူညီလုပ်ဆောင်ပေးခဲ့ပါသည်။

BTPM သည် PBS KIDS နှင့် Sesame Street မှ စာရွက်စာတမ်းများကို အာရဗီ၊မြန်မာ၊ ဒါရီနှင့် ဆွာဟီလီဘာသာစကားများဖြင့် ရရှိရန် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ မိဘများနှင့် ပြုစုစောင့်ရှောက်သူများသည် ကလေးငယ်များလေ့လာသင်ယူမှုအတွက် ထိုစာရွက်စာတမ်းများကို အသုံးပြုလုပ်ဆောင်နိုင်ပါသည်။ ထပ်ပေါင်း ဘာသာပြန်ဆိုမှုများတွင် မိဘများနှင့် ပြုစုစောင့်ရှောက်သူများအားအကူအညီဖြစ်စေရန် ကလေးများ၏ “လေ့လာသင်ယူမှုအဖွဲ့” နှင့် “အစအဦးလေ့လာသင်ယူမှု စွမ်းရည်များနှင့် လုပ်ဆောင်မှုများ” အတွက် အချက်အလက်များကူညီပေးခြင်းဆိုင်ရာ အရင်းအမြစ်နှစ်မျိုးပါဝင်ပါသည်။

သင်ယူလေ့လာခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ဤနေရာတွင် ဒေါင်းလုဒ် ရယူပါ။

PBS ကလေးများထံမှ သင်ယူခြင်းဆိုင်ရာစာရွက်များ

စက်စမီစတွိမှ သင်ယူခြင်းဆိုင်ရာစာရွက်များ

ဘတ်ဖလို တော်ရန်တိုလူထုသတင်းမီဒီယာမှ သင်ယူခြင်းဆိုင်ရာစာရွက်များ

ကျွန်ုပ်တို့၏ တန်ဖိုးရှိသော အစီအစဉ်ပူးပေါင်းဆောင်ရွက်သူများအား ကျေးဇူးတင်ပါသည်။

Jewish Family Services WNY logo

သင်ယူလေ့လာခြင်းအတွက် BPTM ၏အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကို ဖြစ်မြောက်ရန် ပြုလုပ်ပေးသော

At the top: KeyBank logo. thin grey dividing line in the middle. at the bottom: IN PARTNERSHIP WITH in small grey text followed by the First Niagara Foundation logo